Array အခန်းမှာတုံးက Array အကြောင်းကို အသေးစိပ်ဆွးနွေးပေးခဲ့ပြီးဖြစ်ပါတယ်။ ယခု Array string ကို Listbox နဲ့တွဲပြီး ရှာတဲ့ program တပုဒ်ရေးကြည့်ရအောင်။ ပုံ မှာ ပြထားတဲ့ အတိုင်း လိုအပ်တဲ့ tool တွေ တည်ဆောက်လိုက်ပါ။ label 1,text box1, listbox1 , button 1 တို့ကို အသုံးပြုထားတာပါ။ ကျွန်တော်ကတော့ မြန်မာလို ရေးပြထားပါတယ်။ မြန်မာလိုပေါ်စေရန်အတွက် label ၊ button ၊ Listbox နှင့် textboxတို့ရဲ့ property Font pyidasaung or zawgyi ပြောင်းပေးရပါမယ်။ မိမိစက်ထဲမှာတော့ font install ထားရပါမယ်။ Textbox ၏ ညာဘက်ထိပ်က တြိဂံလေးကိုနှိပ်ပြီး Multiline ကို check လုပ်ပေးပါ။ အဲဒါပေးမထားရင် Tetxtbox size ချဲ့မရပါဘူး။ ပြီးလျှင် Form1 property maximizeBoxFalse ပေးပါ။ ပုံမှာMaximize box disable ဖြစ်နေတာကိုတွေ့ရပါမယ် ။ ဆိုလိုတာက ကျွန်တော်တို့ program ကို user တွေအနေဖြင့် maximize လုပ်လို့မရတော့ပါဘူး။ဒါပေမယ့် user တွေအနေဖြင့် mouse ဖြင့်ထောက်ပြီး Form အရွယ်အစားကိုပြင်လို့ရနေပါသေးတယ်။ အဲဒါကတခါတရံမှာ ကျွန်တော်တို့ရဲ့ Form Design ကိုပျက်စေပါတယ်။ အဲဒါကြောင့် user တွေကို Form အရွယ်အစား ပြင်ခွင့် မပေးချင်တဲ့အခါ Form1propertyFormBorderStyleFixed Dialogue ပေးလိုက်ပါ။ အဲဒီလိုပေးလိုက်လျှင် User အနေဖြင့် ကျွန်တော်တို့ရဲ့ Form Design ကိုပြင်လို့မရတော့ပါဘူး။ Button propertyName- add_btn ဟုပေးပါ။
ပြီးလျှင် ထည့်သွင်းခြင်းဆိုတဲ့ button ကိုနှိပ်ပြီး အောက်ပါ code ကိုရေးပါ။
private void add_btn_Click(object sender, EventArgs e)
{
listBox1.Items.Add(textBox1.Text);
textBox1.Clear();
}
ပြီးလျှင် အထက်ပါပုံအတိုင်း Textbox ကိုတချက်ထောက်ပြီး ၄င်း၏ event မှ textBox1_KeyUp ကိုနှိပ်ပြီးအောက်ပါ Code ကိုရေးပါ။
အထက်ပါ Code ည် Textbox ထဲက data တွေကို listbox ထဲကို add ပေးတာပါဘဲ။
private void textBox1_KeyUp(object sender, KeyEventArgs e)
{
string[] strArray = { listBox1.Text };
string Findstring = textBox1.Text;
int strNumber;
for (strNumber = 0; strNumber < listBox1.Items.Count; strNumber++)
{
if (Findstring == listBox1.Items[strNumber].ToString())
{
MessageBox.Show(Findstring + " ရွိပါတယ္ ");
}
}
}
Textbox မှာ စာလုံးတွေရိုက်လိုက်တဲ့အခါတိုင်း Listbox မှာရှိ မရှိ စစ်လိုတဲ့အတွက် textBox1_Key up မှာရေးထားခြင်းဖြစ်ပါတယ်။ listbox ထဲ ၀င်လာတဲ့ data တွေကို strarray ဆိုပြီး array တစ်ခု ဖွဲ့လိုက်ပါတယ်။ ပြီးလျှင် textbox မှာ ရိုက်လိုက်တဲ့ string ၎င်း array ထဲမှာ ရှိမရှိ looping ပတ်ပြီး ပြန် ရှာပါတယ်။ ရှိရင် ရှိပါတယ် ဆိုတဲ့ message ပြပေးပါလိမ့်မည် ။ အောက်ပါ ပုံကိုကြည့်ပါ။ အရင်ဆုံးကျောင်းသား(၅) ယောက်အမည်ကို Textbox မှာရိုက်ပြီး ထည့်သွင်းခြင်း button ကိုနှိပ်ပြီး Listbox ထဲသို့ထည့်လိုက်ပါတယ်၊ ထည့်ပြီး မိမိရှာလိုသော အမည်ကို textbox မှာရိုက်ရှာပါတယ်။ “သော်တာ” သည် listbox ထဲတွင်ရှိပြီးသားဖြစ်သည့်အတွက် “သော်တာ ရှိပါတယ်” ဆိုသည့် Message ပြထားတာဘဲဖြစ်ပါတယ်။
textbox event မှာ Key Up အပြင် Key Down, Key press အစရှိသည့် အခြားmethod များလည်းရှိပါသေးတယ်။ စာဖတ်သူအနေဖြင့် ကွဲပြားမှုကို ကိုယ်တိုင်မြင်စေချင်တဲ့အတွက် ၄င်း တို့ကိုနှိပ်ပြီး အထက်ပါ Code ကိုစမ်းကြည့်စေချင်ပါတယ်။ အဘိဓါန်၊ data searching အစရှိသည့် data search သောအခါ key method များကိုအသုံးများကြပါတယ်။
Blog comments